CHOOSE LANGUAGE
  • English
  • ဗမာစာ
  • Shwe Taunggyi Natural Fertilizer

    Shwe Taunggyi Natural Fertilizer

    Advertising

    Shwe Taunggyi Natural Fertilizer

    ရွှေတောင်ကြီးဇီဝကြက်ချေးဆွေး သဘာဝမြေဩဇာ

    ဓါတု မြေဩဇာများအလွန်အကျွံသုံးစွဲမှုကြောင့် စိုက်ပျိုးမြေများတွင်ဆားငံပေါက်ခြင်း၊ အကျိုးပြု အနုဇီဝပိုးများသေ ကြေပျက်ဆီးမှု့များဖြစ်ပေါ်လျက်ရှိကာ သီးနှံအထွက်နှုန်းကျဆင်းခြင်း၊ သီးနှံအရည်အသွေးကျဆင်းခြင်းများဖြစ်ပေါ်လျက်ရှိပါသည်။

    စိုက်ပျိုးမြေများပျက်စီးမှုကို ပြန်လည်ကုစားရေးအတွက် သဘာဝမြေဩဇာများ အသုံးပြုခြင်း၊ စိုက်ပျိုးမြေအတွင်းသို့ အကျိုးပြုအဏုဇီဝနှင့် အကျိုးပြုမှိုများထည့်သွင်းခြင်း ဖြင့်ဆောင်ရွက်သွားရန်လိုအပ်ပါသည်။

    ရွှေတောင်ကြီး ဇီဝကြက်ချေးဆွေးသဘာဝမြေဩဇာသည် ကြက်ချေး၊ သစ်ရွက်စိမ်း၊ စပါးခွံများဖြင့် ရောနှောပြီး အကျိုးပြုအနုဇီဝပိုးများနှင့် မှိုများကို ထည့်သွင်း၍ ဆွေးမြေ့စေသည့်နည်းလမ်းဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။အဓိကအားဖြင့် ပုံမှန်သုံးစွဲခြင်းဖြင့် ပျက်စီးနေသည့်မြေများကို မြေဆီဩဇာပြန်လည်ကောင်းမွန်စေရး ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သော်လည်း အပင်ကြီးထားနှုန်း ကောင်းမွန်ရေး ဓါတုမြေဩဇာဖြင့် ရောနှောအသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်သက်သာစွာဖြင့် အကျိုးရလဒ်ကောင်းအများရရှိလာမည်ဖြစ်ပါသည်။

    အကျိုးကျေးဇူးများ

    1. ပျက်စီးနေသောမြေများကိုပြန်လည်ပြုပြင်ပေးပြီး သီးနှံအထွက်နှုန်းတိုးတက်စေခြင်း
    2. သဘာဝမြေဩဇာအသုံးပြုခြင်းဖြင့် သီးနှံအဟာရ၊ ထွက်နှုန်း တိုးတက်စေခြင်း
    3. ကျန်းမာရေးအတွက် ထောက်အကူပြုသော သီးနှံများထုတ်လုပ်နိုင်ခြင်း
    4. ရောဂါပိုးမွှားများ၏ ဒဏ်မှကာကွယ်နိုင်ခြင်း
    5. မြေဆီလွှာကိုကောင်းမွန်အောင်ပြုပြင်ပေး၍ အပင်အတွက်လိုအပ်သောအဟာဓာတ်များကို အလွယ်တကူစုပ်ယူနိုင်ခြင်း
    6. အမြစ်၊အပင်၊အရွက်၊အသီးများကိုကြီးထွားသန်မာစေ၍သီးနှံအရည်အသွေးမြင့်မားကာအထွက်နှုန်းကိုတိုးပွားစေခြင်း။
    7. ဗိတာမင်နှင့် သတ္ထုဓာတ်များကြွယ်ဝစွာပါဝင်ပြီး အရသာနှင့် အရောင်ကောင်းမွန်ခြင်း
    8. ခူးဆွတ်ပြီး အသီးအနှံများကြာရှည်စွာအထားခံခြင်း
    9. မြေဆီလွှာကိုရေရှည်တည်တံကောင်းမွန်စေ၍ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ကာ ကုန်ကျစရိတ်သက်သာစေခြင်း

    အသုံးပြုပုံ

    • တစ်ဧကတွင် (၃) အိတ်မှ (၆) အိတ်အထိ မြေအမျိုးအစားအပေါ်မူတည်၍ အသုံးပြုနိုင်ပါသည်။

    ပါဝင်ပစ္စည်းများ

    • N (%) = 1.5       Ca(%) = 2         P(%) = 3
    • P(%) = 3            Mg(%) = 2        K(5) = 1
    • Fe,Zn,Cu,Mn<Cl  =   Trace
    • Organic Matter = 45%

    အသေးစိတ်သိရှိလိုပါက – ဖုန်း (+95)9944455800 ၊ Viber – 09740960330 ဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါသည်။

    Facebook Page – Shwe Taunggyi