CHOOSE LANGUAGE
  • English
  • ဗမာစာ
  • What We Do

    Environmental

    ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP)

    အထူးသဖြင့် သတ္တုတွင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပရောဂျက်အမျိုးမျိုးအတွက် လိုအပ်သော အခြေခံပတ်ဝန်းကျင် ဆန်းစစ်ခြင်း။ EMP သည် အပျက်သဘောဆောင်သော လွှမ်းမိုးမှုများကို လျော့ပါးစေရန်နှင့် ပတ်ဝန်းကျင်ဂေဟစနစ်အတွက် အပြုသဘောဆောင်သော လွှမ်းမိုးမှုကို မြှင့်တင်ရန် အနိမ့်ဆုံးလိုအပ်ချက်ဖြစ်သည်။

    ကနဦးပတ်ဝန်းကျင် စစ်ဆေးမှု (lEE)

    ဓာတ်သတ္တုထုတ်ယူမှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်များ အကောင်အထည်ဖော်မှုအရ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုနှင့် အဟန့်အတားဖြစ်စေသော အကျိုးသက်ရောက်မှုများကို အတိုချုံးစစ်ဆေးခြင်း။

    lEE တွင် ပရောဂျက်များ၏ စီမံကိန်းရေးဆွဲခြင်း၊ လည်ပတ်ခြင်းနှင့် ဖျက်သိမ်းခြင်းအဆင့်များတွင် အစားထိုးရွေးချယ်ခြင်း တို့ ပါဝင်သည်။

    သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်ခြင်း အကဲဖြတ်မှု (ESIA)

    ကြီးမားသော အခြေခံအဆောက်အဦ ပရောဂျက်များ၏ အဆင့်အားလုံးတွင် ကြုံတွေ့ခဲ့ရသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများအတွက် အသေးစိတ်အစီရင်ခံစာ – ESIA သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန (ECD) သို့ တင်ပြရန် လိုအပ်ပြီး မြန်မာနိုင်ငံတွင် မည်သည့်လုပ်ငန်းမဆို ချက်ချင်း သို့မဟုတ် အချိန်ကြာမြင့်စွာ ဘေးထွက်ဆိုးကျိုးများ မရှိစေရပါ။

    ကျွန်ုပ်တို့၏ အခြေခံလေ့လာမှု၊ ပတ်ဝန်းကျင်ဆိုင်ရာစစ်ဆေးခြင်းနှင့် ပတ်ဝန်းကျင်အရည်အသွေး စောင့်ကြည့်ခြင်းအတွက် ကိရိယာများ

    • OCEANUS AQM-09 Air Quality Monitor System
    • Digital Sound Level Meter
    • Vibration Meter
    • GARMIN GPS
    • BRUNTON COMPASS
    • pH TESTER
    • DIGITAL CAMERA
    • DRONE
    • 4inch AQUARIUM NET
    • 50M MEASURING TAPE

    IEE / EIA ဆောင်ရွက်ရန် လိုအပ်သည့် စီမံကိန်း အမျိုးအစားများ

    ၁. အထူးရင်းနှီးမြှုပ်နှံမှု စီမံကိန်းလုပ်ငန်း
    ၂. စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း

    ဥပမာ –

    • ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်
    • ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်း
    • စွန့်ပစ်ပစ္စည်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း
    • နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း
    • ကမ်းလွန်ရေနံ နှင့် သဘာဝဓာတ်ငွေ့ စမ်းသပ်တူးဖော်ခြင်း လုပ်ငန်း
    • သဘာဝဓာတ်ငွေ့ရည်ထုတ်လုပ်ခြင်း လုပ်ငန်း
    • ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ် / ပို့စခန်းတည်ဆောက်ခြင်း လုပ်ငန်း
    • ရေနံ သိုလှောင်ကန် သို့မဟုတ် သဘာဝဓာတ်ငွေ့ လှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်း
    • ရေနံ သို့မဟုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းစနစ် တည်ဆောက်ခြင်းလုပ်ငန်း
    • ဓာတ်ငွေ့ရည် (LPG)၊ သဘာဝဓာတ်ငွေ့ (CNG) အပါအဝင် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်း
    • ၁၁၅ ကေဗွီနှင့်အထက်၊ ၂၃၀ ကေဗွီ အောက် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်း
    • ၂၃၀ ကေဗွီနှင့် အထက် လျှပ်စစ်ဓာတ်အားလိုင်း (မဟာဓာတ်အားလိုင်း) သွယ်တန်းခြင်း လုပ်ငန်
    • ဗို့အားမြင့် ၂၃၀ ကေဗွီနှင့် ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်း … စသည်ဖြင့်။
    ၃. စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောဆိုင်ရာ ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း

    ဥပမာ –

    •  သီးနှံ / စက်မှုသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်း (ဥပမာ – ရော်ဘာ၊ ဆီအုန်း၊ ကိုကိုး၊ ကော်ဖီ၊ လက်ဘက်၊ ငှက်ပျော်၊ ကြံ စသည်များ)
    • ရာသီသီးနှံ စိုက်ပျိူးထုတ်လုပ်ခြင်းလုပ်ငန်း (cereals၊ pulses၊ roots၊ tubers၊ oil-bearing crops၊ fibre crops၊ vegetables၊ and fodder crops)
    • မွေးမြူရေးခြံလုပ်ငန်း (ဥပမာ – နွား၊ ကျွဲ၊ မြင်း၊ ဆိတ်၊ သိုး၊ နှင့် အခြားတိရစ္ဆာန်များ မွေးမြူရေးလုပ်ငန်း)
    • ကြက်၊ ဘဲနှင့် အခြား စီးပွားဖြစ် ငှက် မွေးမြူရေးလုပ်ငန်း
    • ပင်လယ်နှင့် ကမ်းရိုးတန်း ငါးသားဖောက်ခြင်းနှင့် မွေးမြူခြင်းလုပ်ငန်း
    • မုတ်ကောင်မွေးမြူခြင်း၊ ပုလဲထုတ်လုပ်ခြင်း လုပ်ငန်း
    • အပြောင်ရှင်း စနစ်ဖြင့် သစ်ထုတ်ခြင်းလုပ်ငန်း
    • နှစ်အကန့်အသတ်ဖြင့် သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်း … စသည်ဖြင့်။
    ၄. စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်း

    ဥပမာ –

    • ဘေးအန္တရာယ်မရှိသော စွန့်ပစ်ပစ္စည်း စွန့်ပစ်ခြင်းလုပ်ငန်း
    • ဘေးအန္တရာယ်မရှိသော စွန့်ပစ်ပစ္စည်းများ မီးရှို့ခြင်း လုပ်ငန်း
    • ဘေးအန္တရာယ်မရှိသော စွန့်ပစ်ပစ္စည်းများမှ ရရှိနိုင်သော အခြားပစ္စည်း ပြန်လည်ထုတ်ယူခြင်း၊
    • ပြန်လည်ရယူခြင်း သို့်မဟုတ် ပြန်လည်အသုံးပြုခြင်း လုပ်ငန်း
    • ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်းလုပ်ငန်း
    • ဘေးအန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများမှ ရရှိနိုင်သော အခြားပစ္စည်း ပြန်လည်ထုတ်ယူခြင်း၊ ပြန်လည်ရယူခြင်း သို့်မဟုတ် ပြန်လည်အသုံးပြုခြင်းလုပ်ငန်း
    • စွန့်ပစ်ရေများအား စုပေါင်းစနစ်ဖြင့် ပြုပြင် သန့်စင်သည့် စက်ရုံ (Waste water treatment plant – centralized system)
    • စွန့်ပစ်ရေနှင့် ရေဆိုးများစုဆောင်းခြင်းစနစ် တည်ဆောက်ခြင်း … စသည်ဖြင့်။
    ၅. ရေပေးဝေရေးလုပ်ငန်း
    ၆. ထုတ်လုပ်မှုလုပ်ငန်းများ
    အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်မှုလုပ်ငန်း
    ဥပမာ –
    • အသားထုတ်လုပ်ခြင်း လုပ်ငန်း (နွား၊ ဝက်၊ သိုးနှင့် အခြားသားသတ်ရုံ တည်ဆောက်ခြင်း)
    • ကြက်၊ ဘဲ အသားထုတ်လုပ်ခြင်း လုပ်ငန်း (ကြက်၊ ဘဲနှင့် အခြား စီးပွားဖြစ်မွေးမြူထားသော ငှက်များ အသားထုတ် စက်ရုံ)
    • နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း (ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်မှုအဆင့်ဆင့်)
    • တိရစ္ဆာန်အစားအစာ ထုတ်လုပ်ခြင်းလုပ်ငန်း
    • အသီးအရွက်မှ စားသုံးဆီ ထုတ်လုပ်ခြင်းလုပ်ငန်း
    • ကစီဓာတ်ပါသော အစားအစာနှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်း
    • သကြားစက်ရုံလုပ်ငန်း
    • အရက်၊ ဝိုင်၊ ဘီယာ၊ ထုတ်လုပ်ခြင်းလုပ်ငန်း
    • အရက်မဟုတ်သည့် ဖျော်ရည် ထုတ်လုပ်ခြင်း လုပ်ငန်း (ဆိုဒါ၊ အချိုရည်၊ သဘာဝ တွင်းထွက်ရေ ထုတ်လုပ်ခြင်း)
    • ရေခဲစက် တည်ဆောက်ခြင်းလုပ်ငန်း
    • ရေသန့်ထုတ်လုပ်ခြင်းနှင့် ရေသန့်ဗူး / ပုလင်းထုတ်လုပ်ခြင်း လုပ်ငန်း … စသည်ဖြင့်။
    အဝတ်အထည်၊ ချည်ထည်နှင့် သားရေထည်လုပ်ငန်း
    သစ်အခြေခံပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်း
    ဥပမာ –
    • သစ်စက်နှင့် သစ်အချောထည်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း
    • ပျော့ဖတ် နှင့် စက္ကူထုတ်လုပ်ခြင်း လုပ်ငန်း
    • ပုံနှိပ်လုပ်ငန်း နှင့် အခြားအလှဆင်လုပ်ငန်း
    • (အော်ဂဲနစ် ပျော်ဝင်ပစ္စည်းသုံးစွဲ၍ အလှဆင်ခြင်း၊ ပုံနှိပ်ခြင်း၊ ဖုံးအုပ်ခြင်း၊ ဆေးခွာခြင်း၊ ရေစိမ်ခံပြုလုပ်ခြင်း၊ ဖြတ်တောက်ခြင်း၊ ဆေးသုတ်ခြင်း၊ သန့်စင်ခြင်း သို့မဟုတ် ဖြည့်တင်းခြင်း) စသည်ဖြင့်။
    ဓာတုပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်း
    ဥပမာ –
    • ဓာတုဓာတ်မြေဩဇာထုတ်လုပ်ခြင်း လုပ်ငန်း
    • ပိုးသတ်ဆေးအမျိုးမျိုး ထုတ်လုပ်ခြင်း၊ ဖော်စပ်ခြင်းနှင့် ထည့်သွင်းထုပ်ပိုးခြင်းလုပ်ငန်း
    • ဆေးဝါးဖော်စပ်ခြင်းနှင့် ဇီဝနည်းပညာထုတ်လုပ်ခြင်းလုပ်ငန်း
    • အခြား အခြေခံ အော်ဂဲနစ်ဓာတုပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်း
    • မီးသတ်ဆေးဗူးနှင့် အခြားမီးသတ်လုပ်ငန်းသုံး ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း
    • ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငြွေ ထုတ်လုပ်ခြင်း၊ ဖြည့်သွင်းခြင်းနှင့် စက်မှုလုပ်ငန်းသုံး ဓာတ်ငွေ့ရည် ထုတ်လုပ်ခြင်း လုပ်ငန်း … စသည်ဖြင့်။
    ဖန်ထည် / မှန်ထည်နှင့် ကြွေထည်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း
    ဥပမာ –
    • မှန် ၊ ဖန်မျှင် (Glass Fibre) သို့မဟုတ် Mineral Fibre ထုတ်လုပ်ခြင်းလုပ်ငန်း
    • ကြွေထည်မြေထည်၊ ကြွေပြားနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်း … စသည်ဖြင့်။
    ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်း
    ဥပမာ –
    • ဘိလပ်မြေနှင့် ထုံး ထုတ်လုပ်ခြင်းလုပ်ငန်း
    • အခြား ဆောက်လုပ်ရေးလုပ်ငန်း အထောက်အကူပြု နှင့် ကုန်ကြမ်းများ ထုတ်လုပ်ခြင်း လုပ်ငန်း … စသည်ဖြင့်။

    -သတ္တု၊ စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း

    ဥပမာ –
    • သံသတ္တုရိုင်း သို့မဟုတ် သတ္တုအပိုင်းအစများမှ သံရိုင်း၊ ကုန်ကြမ်းနှင့် ရောစပ်မှုနည်းသော သံမဏိ ထုတ်လုပ်ခြင်း
    • အရည်ကျိုစက်ရုံ
    • (သံ၊ သံမဏိ၊ နှင့် သံမဟုတ်သော အလူမီနီယံ၊ ကြေးနီ၊ ခဲ၊ နစ်ကယ်၊ သံဖြူ၊ မဂ္ဂနီဆီယမ်နှင့် တိုင်တေးနီယမ် အခြေခံ သတ္တုအမျိုးမျိုး အရည်ကျိုခြင်း)
    • သင်္ဘောကျင်းနှင့် သင်္ဘောတည်ဆောက်ခြင်း
    • ရထားနှင့် အခြား ရထားပို့ဆောင်ရေးဆိုင်ရာ ပစ္စည်းများ တည်ဆောက်၊ ပြုပြင်၊ တပ်ဆင်ခြင်း
    • သတ္တု၊ ပလတ်စတစ်၊ ဖိုက်ဘာနှင့် ရော်ဘာပစ္စည်း ထုတ်လုပ်ခြင်း (စက်မှုလုပ်ငန်းမျိုးစုံတွင် ကုန်ကြမ်းပစ္စည်း ထုတ်လုပ်ခြင်း အဆင့်ဆင့် အသုံးပြုနိုင်ရန် သတ္တု၊ ပလတ်စတစ်၊ ဖိုက်ဘာနှင့် ရော်ဘာပစ္စည်း ထုတ်လုပ်ခြင်းနှင့် ထုတ်လုပ်ရန်အတွက်)
    • မော်တော်ယာဉ် တာယာအမျိုးမျိုး ထုတ်လုပ်ခြင်း
    • လျှပ်စစ်နှင့် အီလက်ထရောနစ် ကိရိယာများ၊ အိမ်သုံး လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ခြင်း
    • (ကွန်ပျူတာ၊ ဆက်သွယ်ရေးစက်ပစ္စည်း၊ ချက်ပြုတ်ခြင်း၊ လျှော်ဖွပ်ခြင်း၊ အစားအသောက်ပြုပြင်ခြင်း၊ ဆေးကြောခြင်း၊ အပူ / အအေးပေးခြင်း ဆိုင်ရာ အိမ်သုံးနှင့် အများသုံး အီလက်ထရောနစ် ပစ္စည်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်း၊ လျှပ်စစ်မော်တာ၊ လျှပ်စစ်မီးသီး / မီးချောင်းများ)
    • ဘက်ထရီနှင့် လျှပ်သိုပစ္စည်း ထုတ်လုပ်ခြင်း
    • မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် တပ်ဆင် ထုတ်လုပ်ခြင်း
    • မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းတပ်ဆင်ရေး အလုပ်ရုံ … စသည်ဖြင့်။
    ၇. အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်း
    ဥပမာ –
    • ဆည် (သို့မဟုတ်) ရေလှောင်တမံများ တည်ဆောက်ခြင်း
    • အများပြည်သူကို ထိခိုက်စေနိုင်သော ရေကန်၊ မြစ်၊ ချောင်း၊ တူးမြောင်းများ မြေဖို့ခြင်း လုပ်ငန်း
    • သောင်တူးခြင်း လုပ်ငန်း
    • သင်္ဘောသွားလာရေးလုပ်ငန်း
    • (ကုန်စည်နှင့် ခရီးသည် ပို့ဆောင်ရေးအတွက် ရေယာဉ်များ ပြေးဆွဲခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း)
    • ဆိပ်ကမ်း တည်ဆောက်ခြင်းလုပ်ငန်း
    • (ကုန်ပစ္စည်းတင်ဆောင်ရန် နှင့် ခရီးသည်ပို့ဆောင်ရေးယာဉ်များ ဆိုက်ကပ်ရန် ဆိပ်ကမ်း၊ ဆိပ်ခံတံတား၊ ကုန်လှောင်ရုံ)
    • စက်မှုဇုန်တည်ဆောက်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်း
    • ဆေးရုံတည်ဆောက်ခြင်းလုပ်ငန်း
    • ဟိုတယ်နှင့် ခရီးသွားဖွံ့ဖြိုးရေး လုပ်ငန်း
    • ဂေါက်ကွင်း တည်ဆောက်ခြင်း လုပ်ငန်း။ … စသည်ဖြင့်။
    ၈. ပို့ဆောင်ရေးဆိုင်ရာလုပ်ငန်း

    ဥပမာ –

    • တံတား၊ မြစ်ကူးတံတား၊ ဂုံးကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်း
    • အခြားလမ်းများ တည်ဆောက်ခြင်းလုပ်ငန်း
      (တိုင်းဒေသကြီး / ပြည်နယ် / ခရိုင်နှင့် မြို့ပြလမ်းမများ အသစ်ဖောက်လုပ်ခြင်း သို့မဟုတ် လမ်းသားတိုးချဲ့ခြင်း)
    • လမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း(ရာသီအလိုက်သွားလာနိုင်သည့် လမ်းမှ ရာသီမရွေးသွားလာနိုင်သည့် လမ်းအဖြစ် မြှင့်တင်ခြင်း၊ လမ်းပခုံးသား တိုးချဲ့ခြင်း) … စသည်ဖြင့်။
    ၉. သတ္တုတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း

    ဥပမာ –

    • မြစ် သို့မဟုတ် ပင်လယ်မှ ကျောက်တုံး၊ ကျောက်စရစ်၊ သဲများ ထုတ်ယူခြင်းလုပ်ငန်း
    • ဆောက်လုပ်ရေး၊ အဆောက်အဦး တည်ဆောက်ရေးနှင့် ကြွေထည်မြေထည်လုပ်ငန်းသုံး ကုန်ကြမ်းပစ္သည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း (aggragates, ထုံးကျောက်၊ သင်ပုန်းကျောက်၊ ရွှံ့စေး၊ စကျင်ကျောက်၊ မျောကျောက်၊ သဲကျောက်၊ လိပ်သဲကျောက် (နှမ်းဖတ်ကျောက်)၊ မြေစေးဖြူ၊ bentonite, သလင်းကျောက်နှင့် quartzite များ ထုတ်ယူခြင်း)
    • စက်မှုတွင်းထွက်ကုန်ကြမ်း (Industrial Mineral) တူးဖော်ထုတ်လုပ်ခြင်းနှင့် သန့်စင်ခြင်းလုပ်ငန်း (ဘရိုက်တီး၊ ဖလိုရိုက်၊ မီးစုန်း(ဖော့စဖိတ်)၊ ဓာတ်ဆား၊ ဆား၊ soda ash, ကျောက်ဂွမ်း)
    • သံသတ္တု၊ သံမဟုတ်သော သတ္တုနှင့် ရွှေမှအပ အခြား အဖိုးတန်သတ္တုများ ထုတ်လုပ်ခြင်းလုပ်ငန်း (သံ၊ မီးခိုးရောင်သတ္တု ဒြပ်စင်၊ မန်ဂနီးစ်၊ ငွေ၊ ကြေးနီ၊ သံဖြူ၊ ခနောက်စိမ်း၊ ခဲ၊ နီကယ်၊ သွပ်၊ ခရိုမီယမ်၊ ဘောက်ဆိုက် နှင့် အဖိုးတန်ကျောက်များ)
    • ဘေးအန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများ သုံးစွဲခြင်း မပြုဘဲ ရွှေသတ္တုရိုင်းများ ထုတ်လုပ်ခြင်းနှင့် ပြုပြင်သန့်စင်ခြင်းလုပ်ငန်း
    • ဘေးအန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများ အသုံးပြု၍ ရွှေသတ္တုရိုင်းများ ထုတ်လုပ်ခြင်းနှင့် ပြုပြင်သန့်စင်ခြင်း လုပ်ငန်း … စသည်ဖြင့်။
    ၁၀. အဆောက်အအုံ တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းများ

    ဥပမာ –

    • လူနေအိမ်ယာ ဖွံ့ဖြိုးရေး၊ ပြန်လည်နေရာချထားရေးဆိုင်ရာ မြို့ပြဖွံ့ဖြိုးရေးနှင့် မြို့သစ်တည်ဆောက်ရေးစီမံကိန်းလုပ်ငန်း
    • အိပ်ဆောင်များ၊ ကွန်ဒိုမီနီယံ အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်း
    • အထူးစီးပွားရေးဇုန် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်ူ လုပ်ငန်း
    • ကုန်တိုက်ကြီးများ၊ ကုန်သွယ်ရေးဌာန၊ အဆင့်မြင့်ဈေးများ တည်ဆောက်ခြင်းလုပ်ငန်း
    • မြေအောက်ထပ် တည်ဆောက်ခြင်း လုပ်ငန်း
    • စားသောက်ဆိုင်လုပ်ငန်း
    • မြစ်၊ ကမ်းခြေနေရာအနီး အပန်းဖြေစခန်း တည်ဆောက်ခြင်း လုပ်ငန်း
    • တောင်ပေါ်အပန်းဖြေစခန်း တည်ဆောက်ခြင်းလုပ်ငန်း
    • အမျိုးသား (သို့မဟုတ်) ဒေသဆိုင်ရာ ကာကွယ်ထားသည့် နယ်မြေအတွင်း ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေလုပ်ငန်း ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်း … စသည်ဖြင့်။
    ၁၁. ဆက်သွယ်ရေးကွန်ယက်ဖွံ့ဖြိုးရေးလုပ်ငန်းများ

    ဥပမာ –

    • ထပ်ဆင့်အသံလွှင့်ရုံ၊ ဆက်သွယ်ရေးလုပ်ငန်းလွှင့် စက်ရုံများ တည်ဆောက်ခြင်း လုပ်ငန်း
    • ဆက်သွယ်ရေးကွန်ရက် တည်ထောင်ခြင်းလုပ်ငန်း (အဝေးဆက်သွယ်ရေး၊ ရေအောက်ကေဘယ်လ် သွယ်တန်းခြင်း၊ ရေဒီယိုနှင့်ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းဆိုင်ရာ ပစ္စည်း ကိရိယာများ တပ်ဆင်ခြင်း အပါအဝင်ညဆက်သွယ်ရေးလိုင်းနှင့် တပ်ဆင်ခြင်းနှင့် ကြိုးမဲ့ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများ ထည်ဆောက်ခြင်း) … စသည်ဖြင့်။